Pages

Saturday, December 12, 2009

အနှစ်ချုပ်

ငိုခြင်းနဲ့  ဘ၀ အစပြု
အချိန်က ပွတ်တိုက်တော့
ရုပ်လုံးပုံ ကြွလာတဲ့အခါ
သဘာဝ အနှောမှာ
ရောနေလိုက်ကြတယ်...။

ဒီလိုပဲ
သဘာဝ အရောအနှောထဲ
တစ်ချို့ က
မေတ္တာတရားနဲ့ ချစ်ခြင်းတွေပေါင်းစပ်
တရားမျှတခြင်းရဲ့ အလှအပကို
ရှာဖွေကြတယ်...

တစ်ချို့ က
တွေ့ သမျှအတ္တတွေ လိုက်ကောက်
အဆစ်ပါလာတဲ့ မာနတွေမောက်
ဘ၀င်ကို လေဟပ်စေကြရင်း
ကိုယ့်ကိုယ်ကို ကြက်ခြေခြတ်လိုက်ကြတယ်။
အချိန်က တမြည့်မြည့် တိုက်စားလာသောအခါ
နေ့ နဲ့ညဟာ လင်းလိုက်၊ မှောင်လိုက်
အရာရာဟောင်းလိုက် သစ်လိုက်ရင်း
တစ်ဖြည်းဖြည်း
သာလာယံဇရပ် သဘာဝထဲ
ငိုချင်းတစ်ပုဒ်နဲ့  နှုတ်ဆက်ခံလိုက်ကြရတယ်။
* အာယု

0 comments:

Post a Comment

Blogger templates