Pages

Tuesday, December 22, 2009

ဘူတာမဲ့ရထား

ဒဏ်ရာတွေ အပြည့်နဲ့ ရထားတစ်စင်း
ပုံမှန်မဟုတ်သော ခြေသံတွေနဲ့ အတူ
နှလုံးသားရပ်ဝန်းတစ်ခုကို ငါဖြတ်လျှောက်ရင်း
မင်းရဲ့ အချစ်ဘူတာလေးမှာ
ဆိုက်ရောက်ခွင့် ပြုနိုင်ပါ့မလား....

စိတ္တဇဆန်ဆန် ရင်ခုန်ရင်း
ပျော်ရွှင်ခဲ့တဲ့ အတွေးကမ္ဘာလေးထဲဝယ်
အနမ်းတစ်ခုကို တမ်းတ
အချစ်တစ်ခုကို ရူးသွပ်ရင်း
ခိုကိုးရာမဲ့ သံစဉ်တွေက
မာန်နတ်ရဲ့ ခပ်ပြင်းပြင်းစောင်းကြိုးခတ်သံလေလား..
ငါ့ကို ထိတ်လန့် စေခဲ့ပြီ...
အို...ခါးသက်စွာနဲ့ ငါ့ဘဝ
လမ်းပျောက်နေပါပေါ့လား.........။
* ကဝေ

0 comments:

Post a Comment

Blogger templates