Pages

Wednesday, December 30, 2009

အတ္တအရေခွံအောက်၌ နားခိုခြင်း

၂၁ ရာစုအစပိုင်း
အော်ငိုနေသော ငါက အ၀တ်ဗလာနဲ့  (အူဝဲ အူဝဲ)...။
(သို့ သော်)
လောကမှ အဓမ္မရောင်းချသော အရေခွံတစ်ခုကို
ငါ ၀ယ်ယူကောက်ဝတ်ခဲ့၏။ (အတ္တအရေခွံ)
လောကက ပြော၏ ``ဒါမှ လူစစ်စစ်´´ တဲ့....။

၂၁ ရာစုအလယ်ပိုင်း
အရေခွံအောက်မှ အသိတရားတစ်ခုဖြင့်
ထင်ရာစိုင်းသော ငါက
ရိုင်းပြမှုတွေနဲ့  မွေ့ပျော်နေခဲ့၏။
ရက်စက်ခြင်းတွေနဲ့ အဖော်အသင်းဖွဲ့ နေခဲ့၏။
ထိုသို့ ဖြင့်...
အရေခွံအောက်မှ အယူဝါဒတစ်ခုဖြင့်
``ငါ´´ တစ်လုံး ရှင်သန်ကြီးထွားလာခဲ့၏...။

၂၁ ရာစုနှောင်းပိုင်း
အရေခွံအောက်မှ ငါက ငါ့ကိုယ်ငါ ဆပွားရင်း
ငါဝတ်ဆင်ထားသော အရေခွံက ငါ့အပေါ် ပိကျလာခဲ့၏...။
ငါမွေးသော ငါ့ကို ငါက မထိန်းချုပ်နိုင်တော့
ငါနဲ့ ငါ့ချင်း ကပ်ငြိ...။
ငါ့က ငါကို ဆွဲဆုတ်ရန်ကြံလာတော့
နောက်ဆုံး၌ ငါ့ကိုယ်ငါပဲ အဆုံးစီရင်ခဲ့ရ၏...။

နောင်ရာစုများ
``ငါ..ငါ့´´တွေ ပိပြီးငါသေသွားသော်လည်း...
ငါ၏မှတ်တိုင်၊ငါ့အယူ ငါ့ဝါဒများကား
အရေခွံသစ်ကို ပြန်မွေးဖွားစေခြင်းနဲ့ 
အတ္တဖောင်းပွလာမှုကြောင့် ဆက်လက်ကျန်ရှိနေဦးမည့်
အရေခွံအောက်မှ
``ငါ့..ငါ´´စသော ငါအသေးစားကလေးများသာ ဖြစ်ချေတော့သည်။

* ၀သုန်ခါး

`` မှားမိလို့ ´´

လောကရဲ့ နှင်တံအောက်
လေပြေတွေက ဆူးတွေနဲ့ 
လျှက်တပြက် သတိလစ်မိတဲ့...ငါ
အချစ်မဲ့ နွံအိုင်ထဲမှာ
တဖြည်းဖြည်း...
ယုံစားလို့ ပုံအောမိပါတယ်
လက်တစ်ဆုပ်စာ နှလုံးသားကို
ရက်စက်စွာ မီးရှို့ ခံလိုက်ရတယ်
သြော်...
ငါ မှားမိလို့ ....။ ။

* လင်းဆက်

မရည်ရွယ်ခဲ့ပါဘူး

မရည်ရွယ်ခဲ့ပါဘူး
မင်းမပါဘဲ ဒီလမ်းကိုလျှောက်ဖို့ ...
မရည်ရွယ်ခဲ့ပါဘူး
မင်းမကြားဘဲ ဒီစကားကို ပြောဖို့ ...
မရည်ရွယ်ခဲ့ပါဘူး
မင်းမရှိတဲ့ ဒီနေရာမှာနေဖို့ ...
မရည်ရွယ်ခဲ့ပါဘူး
မင်းမဟုတ်တဲ့ ဒီလူကိုချစ်ဖို့ ...
အားလုံးကို ခ၀ါချပြီး တောင်းပန်ပါရစေ...။
မရည်ရွယ်ခဲ့ပါဘူး
ဒီလို ငါတောင်းပန်ဖို့ ...။

* ကိုကိုးဝိုင်

Sunday, December 27, 2009

ကဗျာချစ်သူများ...........မင်္ဂလာပါ!

ကျွန်တော်တို့  Blog ကိုဝင်ရောက်ကြည့်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ..............
To......khonaryarmaye@gmail.com

သားမိုက်

အမေ့ကျေးဇူးဟာ
မြင့်မိုရ်တောင်ထက် ကြီးမားတယ်လို့ 
လူတွေက ပြောကြတယ်.....အမေ
“ အရမ်းကြီးမားတယ် ”တဲ့...
ဒါပေမယ့်
မြင့်မိုရ်တောင်ဆိုတာ
သားမောင် မမြင်ဖူးတော့
အမေ့ကျေးဇူး ဘယ်လောက်ကြီးသလဲ
အခုထိ သားမောင် မသိသေးပါဘူး အမေ.....။
မြင့်မိုရ်တောင်ကို မြင်ဖူးလို့ 
မြင့်မိုရ်တောင် ဘယ်လောက်မြင့်လဲ သိတဲ့နေ့ မှ
အမေ့ကျေးဇူး ပြန်ဆပ်မယ်နော်......အမေ ။

ကေအိခ်ျ(ပ်) L

Tuesday, December 22, 2009

ဘူတာမဲ့ရထား

ဒဏ်ရာတွေ အပြည့်နဲ့ ရထားတစ်စင်း
ပုံမှန်မဟုတ်သော ခြေသံတွေနဲ့ အတူ
နှလုံးသားရပ်ဝန်းတစ်ခုကို ငါဖြတ်လျှောက်ရင်း
မင်းရဲ့ အချစ်ဘူတာလေးမှာ
ဆိုက်ရောက်ခွင့် ပြုနိုင်ပါ့မလား....

စိတ္တဇဆန်ဆန် ရင်ခုန်ရင်း
ပျော်ရွှင်ခဲ့တဲ့ အတွေးကမ္ဘာလေးထဲဝယ်
အနမ်းတစ်ခုကို တမ်းတ
အချစ်တစ်ခုကို ရူးသွပ်ရင်း
ခိုကိုးရာမဲ့ သံစဉ်တွေက
မာန်နတ်ရဲ့ ခပ်ပြင်းပြင်းစောင်းကြိုးခတ်သံလေလား..
ငါ့ကို ထိတ်လန့် စေခဲ့ပြီ...
အို...ခါးသက်စွာနဲ့ ငါ့ဘဝ
လမ်းပျောက်နေပါပေါ့လား.........။
* ကဝေ

Monday, December 21, 2009

“ နေတတ်ခဲ့ပြီ ”

ရင်တစ်ခုလုံး ပျက်သုန်း
မင်းရဲ့ စကားတွေက တ၀ုန်းဝုန်းကွဲပေါက်
သေရမှာထက်ပိုပြီး ကြောက်စရာကောင်းတဲ့
“ဝေးကွာခြင်း”
ငါ့ရင်ခွင်ကို တစ်လွှာချင်းလမ်းခင်း ထွက်သွားပြီပေါ့.........။

တကယ်တော့ ငါဟာ
အသဲမကောင်းဘဲ ပွဲတောင်းခဲ့သူပါ
ဘ၀မှာ အချစ်ဆိုကို မျှော်လင့်ချင်ပေမယ့်
မျှော်စင်ကြီးတစ်ခု ဖြစ်လာရုံပါပဲ.........
အိပ်မက်ထဲမှာတောင် အယောင်ဆောင်ခွင့်မရခဲ့သူပါ။
ဘယ်လောက်ပဲ အော်အော်
တိမ်တိုက်တွေက လှည့်ကြည်ဖေါ်မရ............။

အခုတော့.........
ရင်ခွင်တစ်ခုလုံးကို စတေးကာ
တစ်ယောက်တည်း နေတတ်ခဲ့ပြီ
မမှိုင်တွေတော့ပါဘူး...
ဟိုအရင်တုန်းကလိုလည်း မရူးသွပ်တော့ဘူး
နှလုံးသွေးတွေရင်းပြီး
ပေးဆမ်ဖို့လည်း မထိုက်တန်သူကို
ငါဘယ်တော့မှ မရူးသွပ်တော့ဘူး..........။

* မြတ်သူ / 109

မျက်ရည်ပင်လယ်

ဖြူလွှလွှ မွေ့ ရာထက်မှာ
သံသာသီဆို
ငါငိုနေခဲ့တာ
ပူနွေးနွေး မျက်ရည်ဥတွေ
သက်ဆင်း ငါ့အိပ်ရာခင်း
ဒီအချိန် ငါအဖြစ်ချင်ဆုံးဆန္ဒ
ဒီသတင်း ငါ့အိပ်မက်အခင်းပဲ
ဖြစ်ပါစေတော့
မင်းရဲ့ ထိမ်းမြားမင်္ဂလာမှာ
ငါ့မှာရှိတဲ့ သတိနဲ့ အသိကိုထိန်းချုပ်
မပြိုလဲမိအောင် မာနနဲ့ ထောင်မတ်ပြီး
နာကျည်းချက်တွေနဲ့ ငါအိမ်ပြန်လာခဲ့တယ်.........
မင်းရဲ့ အပြုံးကို အမုန်းတွေနဲ့ ဖုံးအုပ်ပြီး
မင်းရဲ့ ရယ်သံတွေကို လှောင်သံအဖြစ်
ပြောင်းလဲပစ်တာတောင်
ငါ့နှလုံးသားက မင်းကိုပဲ အော်ခေါ်နေတယ်..........
“မင်းကို ငါမုန်းတယ်” ဆိုပေမယ့်
မင်းကိုငါချစ်ကြောင်း ငါ့မျက်ရည်ဥတွေက
သက်သေပြနေတယ်လေ...................
(မင်း သိရဲ့ လား)
မင်းကရင်ခွင်သစ်မှာ ပျော်ဝင်ချိန်
ငါကတော့...
မျက်ရည်တွေနဲ့  လွမ်းရင်မှာမော..........................။

* Mayacid

ရင်ဘတ်ထဲက မင်း

တိတ်တခိုးလေးနဲ့  မ၀ံ့ရဲ့ ပါဘူး
တိုးတိတ်တမ်းတ
ရင်ဘတ်ထဲက မင်းလေးကို...................

ဘောင်ခတ်ထားတဲ့ ရင်းနှီးမှုကြောင့်
စိတ်ဆိုးသွားလေမလား
စိုးရွံမှုနဲ့  ဖွင့်မပြောရဲပါဘူး
ရင်ဘတ်ထဲက မင်းလေးကို.......................

အဖြူရောင်စည်းရိုလေးခြား
မဟာတံတိုင်းကြီးအလား.........................
အကြောက်တရားနဲ့ မချိုးဖောက်ရဲပါဘူး။
ငါတို့ ကြားက စည်းရိုးလေးကို...........................

မတော်တဆ ချိုးဖောက်မိလို့ 
မင်းမျက်ဝန်းက ပြင်းရှရှနဲ့ 
ငါ့နှလုံးသားကို ဒဏ်ခတ်လိုက်လေမလား..............
အထိတ်တလန့် နဲ့  မတွေးရဲတော့ပါဘူး
ကြိတ်မှိတ်လွမ်းလျှက်
ရင်ဘတ်ထဲက မင်းလေးကို...............................။
* ကဝေ/ လင်းဆက်

“ မိန်းကလေးဘ၀ ”

ချစ်လို့ ချစ်တယ်
ချစ်တယ်ပြောလည်း
ချစ်တဲ့စိတ်က
ချစ်တာပဲမို့ 
ချစ်တယ်လို့ ပဲ ပြောတော့မယ်
ဒီလိုဆိုလိုက်ချင်ပေမယ့်
မိန်းမသားဘ၀တို့ မှာ
နှုတ်ဆိတ်လို့သာနေရတာ...............။
* Diamond

“သူ...သိပါစေ”

ကောင်းကင်ပြာရေ...
နှလုံးသားနဲ့  ဦးနှောက်
စီးချင်းထိုးနေတာ ကြာခဲ့ပေမယ့်
မနေ့တစ်နေ့ကမှ
ငါ့ပါးစပ်က နင့်ကိုမေ့လိုက်ပြီဆိုတော့
နှလုံးသားက တဆစ်ဆစ်နာနေရပြီပေါ့...။
မမေ့ရက်နိုင်ခဲ့လို့ တစ်ထောင့်တစ်နေရာမှာ
သော့ခတ်သိမ်းထားပြီဆိုတော့
ကိုယ့်အဖြစ်နဲ့ ကိုယ်ခံရတာ
နည်းသေးတယ်လို့ ဟစ်ကြွေးချင်တယ်...
ဒါပေမယ့်....
နှုတ်ဖျားမှာ ဆို့ နစ်နေပြီး
မျော်လင့်ချက်တွေ ဆက်လက်ရှင်သန်ဖို့
ငါ့ဆန္ဒတွေ လေဟာနယ်ထဲမှာ
ပျောက်ဆုံးသွားပြီ....။
ဦးနှောက်ကို အနိုင်ပေးခဲ့တော့
နှလုံးသားကိုလည်း
တစ်သက်တစ်ကျွန်း အကျဉ်းသားအဖြစ်
အမိန့် ချခဲ့ပါပြိ...။
ဒါနောက်ဆုံးရလဒ်လို့ ဆိုရမလား။
ငါဆုံးဖြတ်ခဲ့တဲ့ အရာရာတိုင်း
နှလုံးသားရဲ့ အလိုဆန္ဒမပါဘူးဆိုတာ.................။

* ကိုကိုးဝိုင်

“ အဆိပ် ”

နေ၀င်ချိန်မှာ
ရင်ခုန်သံဒုတ်ဒုတ်
တိမ်မြုပ်ကာ ပျောက်ဆုံး
ပေးခဲ့တဲ့ နှုတ်ဆက်အနမ်း
အဆိပ်တွေပါနေမှန်း
ငါမသိခဲ့ပါဘူး
ရီဝေစွာယစ်မူး
ဒီရင်မှာ ရူးလောက်တော့လည်း
မျက်ကြည်လွှာအပင့်
နှလုံးသားအဆိပ်သင့်ခဲ့သူ
ငါ....
နူးညံ့စွာ
ချစ်ခြင်းကို ဒူးထောက်ခဲ့တယ်
နေ့သစ်ရဲ့ နေထွက်ချိန်ထဲ
အလွမ်းတွေပဲ ပျော်ဝင်
ချိတ်ထားတဲ့ ပြက္ခဒိန်
ရက်စွဲတွေ ကြိမ်ကြိမ်ထပ်ခဲ့ပေမယ့်
နေ၀င်ချိန် အဆိပ်သင့်နှုတ်ခမ်း
ဖြေဆေးတော့ ပြန်လာကျွေးလှည့်...ချစ်သူ ။
* လိပ်ပြာ

Wednesday, December 16, 2009

လေထဲက ငါ

တစ်ရှိုက်ပြီး...
တစ်ရှိုက် ...
ငါရှိုက်လိုက်မယ်။
ငါသွားနေတဲ့ လမ်းလေးရယ်...
ပစ္စည်း၊ ဥစ္စာ၊
ဂုဏ်ပကာသန၊
ကာမအရသာ...
ငါမလိုတော့ပါ
ငါသွားနေတာ
လေဟာနေထဲမှာ...။
* အာချေ

မြို့ ပြ

အောက်ဆီဂျင်
ထောင်နန်းစံနေတဲ့ မြို့ ပြ...

အဆိပ်ငွေ့ တွေ
ဒီမိုကရေစီရထားတဲ့ မြို့ ပြ...

မြို့ ပြမှာ
တစ္ဆေမကြောက်သူတွေလည်း
မိစ္ဆာကောင်ကြီးတွေနဲ့
နပန်းလုံးနေလေရရဲ့...
* တက်သစ်

Saturday, December 12, 2009

အနှစ်ချုပ်

ငိုခြင်းနဲ့  ဘ၀ အစပြု
အချိန်က ပွတ်တိုက်တော့
ရုပ်လုံးပုံ ကြွလာတဲ့အခါ
သဘာဝ အနှောမှာ
ရောနေလိုက်ကြတယ်...။

ဒီလိုပဲ
သဘာဝ အရောအနှောထဲ
တစ်ချို့ က
မေတ္တာတရားနဲ့ ချစ်ခြင်းတွေပေါင်းစပ်
တရားမျှတခြင်းရဲ့ အလှအပကို
ရှာဖွေကြတယ်...

တစ်ချို့ က
တွေ့ သမျှအတ္တတွေ လိုက်ကောက်
အဆစ်ပါလာတဲ့ မာနတွေမောက်
ဘ၀င်ကို လေဟပ်စေကြရင်း
ကိုယ့်ကိုယ်ကို ကြက်ခြေခြတ်လိုက်ကြတယ်။
အချိန်က တမြည့်မြည့် တိုက်စားလာသောအခါ
နေ့ နဲ့ညဟာ လင်းလိုက်၊ မှောင်လိုက်
အရာရာဟောင်းလိုက် သစ်လိုက်ရင်း
တစ်ဖြည်းဖြည်း
သာလာယံဇရပ် သဘာဝထဲ
ငိုချင်းတစ်ပုဒ်နဲ့  နှုတ်ဆက်ခံလိုက်ကြရတယ်။
* အာယု

ကျောကပ်စာမျက်နှာ

“ သူငယ်ချင်း” တဲ့
ခြောက်ကပ်ကပ်
အခေါ်အဝေါ်တစ်ခု
ု့သူနဲ့ငါ့ကြား
ကာလတစ်ခုထိ
ရှင်သန်နေခဲ့ပြီလေ...

သူကပဲ မကြားခဲ့တာလား
ငါ့ရင်ခုန်သံတွေကပဲံ
တိုးတိတ်လွန်းခဲ့တာလား...

အခုတော့...
သူ့ ပါးအစုံမှာ
ငါနဲ့ မသက်ဆိုင်သော
အနမ်းများက
ခြေရာထပ်လို့...
* စေလိုရာ

စိတ္တဇည

ညက တိတ်ဆိတ်ပြီး
ခြောက်သွေ့ နေသည်။
မျက်လုံးတွေ မှေးစင်းလို့
အာခေါင်တွေ ခြောက်ကပ်နေ...
လှုပ်မရတဲ့ ငါ့ခန္ဓာ...
အခန်းထောင့်တစ်နေရာမှာ
အမြင်တွေေ၀၀ါးလို့
မသဲကွဲပေမယ့်
စူးရှတဲ့ရနံ့ 
ခံစားလိုက်မိသည်
ဟာ...သူလာနေပြီ။
* အာချေ

ကန္တာရကဖေး

ဟိုတုန်းကတော့
အိုအေစစ်ကဖေး
သူငယ်ချင်းတွေနဲ့
ပျော်လိုက်ကြတာ...
ဆူလိုက်ကြတာ...

အခုတော့...
ကန္တာရကဖေး
တို့သောက်နေကျ
ရှယ်တစ်ခွက်ဟာ
အက်ဆစ်လိုပဲ...။
* သက်တန့်ခ

Thursday, December 10, 2009

ကျွန်တော်ရဲ့  တခြားသော Blogs ကိုလည်း ၀င်ကြည့်ပါအုံးနော်

ရန်ကုန်ပညာရေးတက္ကသိုလ်အကြောင်းကို သိလိုပါက yioenews.blogspot.com ကိုဝင်ကြည့်ပါ...။
B.Ed သတင်းရပ်ဝန်းကို သိလိုပါက repeatergyi.blogspot.com ကိုဝင်ကြည့်ပါ...။
ဝသုန်ခါးရဲ့ ကဗျာတစ်ချို့ ကိုဖတ်လိုပါက wathonekhar.blogspot.com ကိုဝင်ကြည့်ပါ...။
ဗီဒီယိုဇာတ်လမ်းဖန်တီးသူ အလက်ဇန္ဒားစိုးကျော် အကြောင်းကိုသိလိုပါက alexandresoekyaw.blogspot.com ကိုဝင်ကြည့်ပါ...။
ကျွန်တော်ရဲ့ အကြောင်းကို သိလိုပါက myatsoekyaw10.blogspot.com ကိုဝင်ကြည့်နိုင်ပါတယ်...။
ဝေဖန်အကြံပေးစာများလည်း ပေးပို့ နိုင်ပါတယ်နော်...။

To...khonaryarmaye@gmail.com

ခိုနားရာမဲ့ (၃)ကဗျာစာစုများ

မာတိကာ-
အစာ (၀သုန်ခါး)
ဂီတာကိုကို (လမင်း-ရန်ကုန်ပညာရေးတက္ကသိုလ်)

ခိုနားရာမဲ့

နီရင့်ရင့်သစ်သီးတစ်လုံး၏ ပုတ်သိုးမှုသည်လည်းကောင်း...
ဝတ်ရုံလဲနေသော
ကောက်ကျစ်ခြင်းများသည်လည်းကောင်း...
သစ္စာမဲ့ခဲ့ဖူးသော နှတ်ခမ်းတစ်စုံ၏
ရိုးအမှုသည်လည်းကောင်း...
ရာသီမမှီတော့သော အိမ်မက်တစ်ခု၏
ဆန်းသစ်မှုသည်လည်းကောင်း...
လူ့ကျင့်ဝတ်ဆိုသော အရာတစ်ခုနှင့်
မကိုက်ညီသော ငါသည်လည်းကောင်း...
လမ်းပျောက်နေသော
အိပ်တန်းပြန်ဆိုက်ဘေးရီးယားငှက်တစ်အုပ်သည်လည်းကောင်း...
ဆီခမ်းခြောက်နေသော
မျှော်လင့်ခြင်းမီးအိမ်ငယ်သည်လည်းကောင်း...
ပြတ်တောက်တောက်
သံယောဇဉ်စမ်းချောင်းငယ်တစ်ခုသည်လည်းကောင်း...
မုန်တိုင်းမိနေသော
တံငါလှေလေးတစ်စင်း၏ထိတ်လန့်မှုသည်လည်းကောင်း...
မိဘမဲ့၊ အစွန့်ပစ်ခံ
ကလေးတစ်ချို့ ၏ ငိုကြွေးတိုးတိတ်သံသည်လည်းကောင်း...
ကြေးစည်ထုသံနှင့်အတူ
အိမ်နီးချင်းအဒေါ်ကြီး၏ မေတ္တာပို့၊
အမျှဝေသံသည်လည်းကောင်း...
ဖြတ်တောက်ခံလိုက်ရသော
ဆံနွယ်တစ်ခု၏ညို့ ချက်အောက်၌
ယစ်မူး၊ လွမ်းဆွေးနေမိသောငါသည်လည်းကောင်း...
ပေါင်မုန့်တစ်ခြမ်းအတွက်
အသက်စတေး၊ တိုက်ပွဲဝင်နေကြသူများသည်လည်းကောင်း....
နှင်းဆီဆေးလိပ်မီးခိုးများကြားမှ
လူငယ်တစ်ချို့၏
စာရိတ္တမှတ်တမ်းသည်လည်းကောင်း...
ထမင်းတစ်နပ်အတွက်
ဘ၀နှင့် အသာပြာလဲနေကြသော မီးရောင်အောက်မှ
မိန်းကလေးတစ်ချို့ ၏ကိုယ်ကျင့်တရားသည်လည်းကောင်း...
B.Ed ကင်တင်းထဲက
နှင်းကျနေသော ပလိန်းတစ်ခွက်၏
ခါးသက်မှုသည်လည်းကောင်း...
ပစ္စုပ်ပန်မရှိခဲ့သော
လူတစ်ဦး၏ အနာဂတ်သည်လည်းကောင်း...
သေမိန့်ကျခံရပြီးသော
အကျဉ်းသားတစ်ဦး၏အယူခံလွှာသည်လည်းကောင်း...
ဆံပင်ရှည်ရှည်ကောင်မလေးတစ်ဦး၏
ရီဝေေ၀အပြုံးကို
ခိုးငေးကြည့်နေမိသော ငါ၏ရုးသွပ်မှုသည်လည်းကောင်း...
ဟိုဟိုဒီဒီနှင့် တောင်စဉ်ရေမရ
လျှောက်ရေးနေမိသော
ငါ၏ပေါ့ပျက်ပျက်စာစုများသည်လည်းကောင်း...
ခြုံနွယ်ပိတ်ပေါင်းများနှင့် ထူထပ်နေသော
ဟိုတစ်ချိန်က ငါ့ကြွေကွဲနန်းတော်ရာသည်လည်းကောင်း...
ဖြစ်သင့်သည်ထက် ဖြစ်ချင်သည်ကို ဦးစားပေးခဲ့သော
သိုးမည်းတစ်ကောင်၏
ရင်ကွဲပက်လက် နိဂုံးသည်လည်းကောင်း...
ထို့အတူ
ငါ၏မသိစိတ်နောက်ကွယ်၌ ဖြစ်ပေါ်နေသော အသိစိတ်များနှင့်
ပစ်ချက်လွဲချော်သွားသော ခပ်ပြင်းပြင်းအယူဝါဒများ...
အားလုံး...
အားလုံး.........သည် သံသရာ၏
လမ်းခုလတ်တစ်နေရာ၌
ခိုနားရာမဲ့နေကြသည်.......။

* ၀သုန်ခါး

တမ်းတ

ကမ်းခြေ တိတ်ဆိတ်
လူခြေတိတ်
မီးအိမ်လေးမမှိတ်သေးခင်
အရောက်ခိုဝင်လှည့်ပါမောင်

* ယံကောင်းကင်

အရောင်ပြောင်းတဲ့လမင်း

အဖြူရောင်ကို မြတ်နိုးလို့
လမင်းကို ချည်းကပ်ခဲ့တာမဟုတ်
လမင်းနဲ့တွေ့ ပြီးမှ
ှအဖြူရောင်ကို ခံစားတတ်လာခဲ့တာပါ
အခုတော့ကွာ
လမင်းကို တုပြိုင်
ဖြူစင်နိုင်စွမ်းမရှိပြန်တော့
ငါ့ဘ၀ အရိပ်တွေထဲ
လမင်းက ပန်းနုရောင်လေး သမ်းခဲ့ပြီပေါ့

* မေနှစ်

နှင်းဆီ

မှတ်ဥာဏ်တွေ
ပြာနှမ်းနှမ်းဖြစ်အောင်လှလွန်းတော့
မြတ်နိုးစွာနဲ့ပဲ
ထွေးပိုက်မိတယ်
အို.........
သွေးတွေပါလား။

* ခ ခ ခါး (MB)

Wednesday, December 2, 2009

ခိုနားရာမဲ့ (၂)ကဗျာစာစုများ

Content-
Help me (Saw Kalay Myint)
The first love (Kaung Kyew)
Cos i made a mistake (Lin Satt)
Staying in the ego-skin (Wathonekhar)
The young love (Mayacid)
To sweetheart from away (Diamond)
Answer is zero (Lu Taik Thawe)
Near my sweetheart (Butterfly)
Finish a conclusion (Yan Kaung Kin)
Our school (Saw Kalay Myint)
I see! (Lin Satt)
The bad son (K.H.L)
Discovery (K.H.L)
Silence (K.H.L)
No boundary (Ahr Shay)
I did not aim (KO Koe Y)

ခိုနားရာမဲ့ (၁)ကဗျာစာစုများ

Content-
Rose(kh kh khar-MB)
Synopsis(Ahryu)
Me in the air (Ahrshay)
To you in my heart(Lin satt)
Khonaryarmaye-(live alone)(Wathonekhar)
The color-changing moon (May nick).....
Posion (Butterfly)
The stupid son (K.H.l)
I can been lived (109)
Nightmare (Ahr shay)
May be know (Ko Koe Y)
Comeback near me (Yan kaung Kin)
A train that have not station (Lin Satt)
The life of a girl (Diamond)
Miss (Yan Kaung Kin)

Blogger templates