Pages

Thursday, December 10, 2009

အရောင်ပြောင်းတဲ့လမင်း

အဖြူရောင်ကို မြတ်နိုးလို့
လမင်းကို ချည်းကပ်ခဲ့တာမဟုတ်
လမင်းနဲ့တွေ့ ပြီးမှ
ှအဖြူရောင်ကို ခံစားတတ်လာခဲ့တာပါ
အခုတော့ကွာ
လမင်းကို တုပြိုင်
ဖြူစင်နိုင်စွမ်းမရှိပြန်တော့
ငါ့ဘ၀ အရိပ်တွေထဲ
လမင်းက ပန်းနုရောင်လေး သမ်းခဲ့ပြီပေါ့

* မေနှစ်

0 comments:

Post a Comment

Blogger templates