Pages

Sunday, December 27, 2009

သားမိုက်

အမေ့ကျေးဇူးဟာ
မြင့်မိုရ်တောင်ထက် ကြီးမားတယ်လို့ 
လူတွေက ပြောကြတယ်.....အမေ
“ အရမ်းကြီးမားတယ် ”တဲ့...
ဒါပေမယ့်
မြင့်မိုရ်တောင်ဆိုတာ
သားမောင် မမြင်ဖူးတော့
အမေ့ကျေးဇူး ဘယ်လောက်ကြီးသလဲ
အခုထိ သားမောင် မသိသေးပါဘူး အမေ.....။
မြင့်မိုရ်တောင်ကို မြင်ဖူးလို့ 
မြင့်မိုရ်တောင် ဘယ်လောက်မြင့်လဲ သိတဲ့နေ့ မှ
အမေ့ကျေးဇူး ပြန်ဆပ်မယ်နော်......အမေ ။

ကေအိခ်ျ(ပ်) L

0 comments:

Post a Comment

Blogger templates