Pages

Wednesday, December 30, 2009

မရည်ရွယ်ခဲ့ပါဘူး

မရည်ရွယ်ခဲ့ပါဘူး
မင်းမပါဘဲ ဒီလမ်းကိုလျှောက်ဖို့ ...
မရည်ရွယ်ခဲ့ပါဘူး
မင်းမကြားဘဲ ဒီစကားကို ပြောဖို့ ...
မရည်ရွယ်ခဲ့ပါဘူး
မင်းမရှိတဲ့ ဒီနေရာမှာနေဖို့ ...
မရည်ရွယ်ခဲ့ပါဘူး
မင်းမဟုတ်တဲ့ ဒီလူကိုချစ်ဖို့ ...
အားလုံးကို ခ၀ါချပြီး တောင်းပန်ပါရစေ...။
မရည်ရွယ်ခဲ့ပါဘူး
ဒီလို ငါတောင်းပန်ဖို့ ...။

* ကိုကိုးဝိုင်

0 comments:

Post a Comment

Blogger templates