Pages
Saturday, December 8, 2012
အစာ
ကိုယ်ထည်တစ်ခုက ချီနဲ့ နဲ့ ဖြင့် သွားနေ၏
မှူန်သိုးသိုးမျက်နှာက အောက်ငိုက်ကျသည်။
ခြေလှမ်းတစ်စုံက ထုံထိုင်းလွန်းနေ၏။
အရသာသိနေသော လျှာကငတ်မပြေဖြစ်နေသည်။
တက်မက်မှုက ငယ်ထိပ်ပေါ်ရောက်နေ၏
အမြင်တွေ တဖြည်းဖြည်းေ၀၀ါးရင်း
ပြာနှမ်းနှမ်းအသိတွေသာ ပုံရိပ်လာထင်နေသည်။
ရိုးဖြောင့်ခြင်းကိုလည်း မသယ်ဆောင်နိင်တော့...
လောကနိတိကိုလည်း ကျက်မှတ်နိုင်စွမ်းမရှိတော့...
တစိမ့်စိမ့် လူးလိမ့်ကိုက်ခဲနေ၏။
အသက်ရှုသံတောင် တိုးတိတ်လာသောအခါ
တုန်ရီနေသော လက်အစုံကို ဖြန့် ကားရင်း
ခြောက်ကပ်ကပ်နှုတ်ခမ်းပါးက
တိုးညင်းသံတစ်ခု ထွက်ပေါ်လာ၏ ......။
                                                            *၀သုန်ခါး
Wednesday, December 5, 2012
သထုံလမ်းက အဖြူရောင်တမ်းချင်း
ဟိုတုန်းကတော့ 
နေခြည်တွေ ဖူးသစ်စ ခပ်နွေးနွေးသထုံလမ်းမှာ
ပန်းခင်းတွေ ဖိနပ်လုပ်စီး၊
သံယောဇဉ်ထီးလေးတွေ ကိုယ်စီဆောင်းရင်း
လေပြည်ကို တေးဖွဲ့ လို့ လျှောက်ကြတယ် ......။
အခုတော့ ရင်ရော်တဲ့ နေ့ လည်ခင်း..
ဒီအချိန် လှောင်မြိုက်လို့ လုံးပါးပါးရတဲ့ ဘ၀မှာ
တိမ်ယူရာ လွင့် ၊ လေယူရာ မျော
အိမ်ပြန်ချိန် မျက်ဝန်းမှာ တိမ်ညိုတွေ ထွန်းရင်း
ကံမကုန် ပြန်ဆုံရဖို့ သာ ဆုတောင်းကြရတယ်....။
နောင်တစ်ချိန် နွမ်းအိုတဲ့  ညနေခင်း ...
ပြာနှမ်းနှမ်း အလွမ်းတွေ ဆည်းဆာနဲ့ ဆေးရအောင်ပါ့
ကံမကုန် ပြန်ဆုံဖြစ်ရင်သာ
ပစ္စည်း ၊ ဥစ္စာတွေ စီးမလာကြေး ...
ရာထူး ၊ ဂုဏ်ပကာဿနတွေ ဆောင်းမလာကြေး ...
အတိတ်တွေ ခြေရာထင်ဆဲ သထုံလမ်းမှာ
ဟိုးအရင် အဖြူရောင်တေးသွားတွေ
သံပြိုင်တူ ဆိုညည်းရင်း လျှောက်ကြမယ်လေ .....။
                                        * ၀သုန်ခါး
                                 ( ၁.၈.၂၀၁၁ နေ့ ၊ 4.2 မှ သူငယ်ချင်းများအား နှုတ်ဆက်ခြင်းအမှတ်တရ)
ပုစ္ဆာ
မင်းနဲ့ ငါ့အကြား
ပေါက်ဖွားတဲ့ သင်္ချာ ...
မင်းကပဲ ချန်ရစ်ခဲ့ တာလား....
ငါကပဲ ကျကျန်ရစ်တာလား ....
ဒီတစ်ပုဒ်က ခက်လွန်းတဲ့  ပုစ္ဆာ...။
ဒီတစ်ခါ
မင်း မဖြေရှင်းခဲ့ တဲ့  ပုစ္ဆာ
ယနေ့ တိုင် ငါအဖြေရှာနေဆဲ ....။
                                                                 * ၀သုန်ခါး
စနေနေ့ မှာ ပင်လယ်ကိုတွေ့ တယ်
လူ(၈)ယောက် ၊ ဆိုင်ကယ်(၄)စီး
တောင်ကုန်းတွေ ကျောပေးထားတဲ့ လမ်းမှာ
ကင်းလိပ်ချော သတ္တ၀ါတွေလို
ပင်လယ်ရှာထွက်တဲ့ ခရီး ..။
လေမဆန်ပေမယ့် 
နေဒဏ်ကို ရယ်သံတွေနဲ့  ဖြတ်ခဲ့ ကြ..။
မလျင်မမြန်
ပုံမှန်မှန် နာရီသံတွေလိုပဲ ပျံသန်းခဲ့ ကြ..။
တောင်ကုန်းတွေ မြင့်လိုက်၊နိမ့် လိုက်
သီချင်းသံတွေ တိုးလိုက် ၊ကျယ်လိုက် ...
နေမညိုပေမယ့်
 ငါတို့ တွေ လေဖြိုခဲ့ ကြ ...
မြစ်တွေ ချောင်းတွေအတွက်
ခင်မင်မှုတွေ စုစည်း ဖောင်ဖွဲ့ ကူးခဲ့ ကြတယ် ...။
လမ်းဆုံးတော့ ရွာတွေ့ 
ရွာဆုံးတဲ့  စနေနေ့ မှာ
ခရုခွံတွေနဲ့ အနားကွပ်ထားတဲ့ 
ပင်လယ်ကို တွေ့ တယ် ....။
                                               * ၀သုန်ခါး
                                     (၂၇.၄.၂၀၁၂ - သူငယ်ချင်းများနှင့်အမှတ်တရ)
ဝင်္ကပါထဲက လူ
မြေကြီးပေါ်က လူ
ဘယ်ကလာလဲ သူမသိ ....
ဘာလာရှာလဲ သူမသိ .....
တိုးဝှေ့ ကာ သွားနေ၏။
အရောင်တွေအကြား
သစ္စာတရားကို ရွေးချယ်...
အတ္တနဲ့ ပရအကြား
သက္ကရာဇ်အချို့ ပုတ်သိုးခဲ့ ရ ....
မြေကြီးပေါ်က လူ
ဘာလုပ်နေလဲ သူမသိ...
ဘယ်သွားမှာလည်း သူမသိ....
အို ... ၀င်္ကပါအတိ။
ဝင်္ကပါထဲက လူ
အပေါ်ကို မော့ကြည့်၏
ထိုအချိန် ကောင်းကင်က မှောင်စပျိုးနေပြီ ။
                                                                      ( ၀သုန်ခါး )
Saturday, January 2, 2010
တို့ ကျောင်းတော်
ထလော့ လူပျို ၊ လူပျိုထလော့
တို့ ရွာတို့ ပြည် ၊ တို့ ကျောင်းတော်ဝယ်
မိန်ကလေးတွေ ၊ များစွာဝေ၏။
များပါသော်လည်း ၊ မပိုးဘဲနှင့်
ဆင်းရဲကာသာ ၊ ကင်တင်းလာလျှင်
မစားလေရ ၊ ၀မ်းမ၀ဘဲ
မုချ လူပျိုဖြစ်မည်တည်း........။
ထလော့ လူပျို ၊ ကိုလူပျိုတို့ 
တို့ ရွာတို့ ပြည် ၊ တို့ ကျောင်းတော်ဝယ်
ရုပ်ရှင်ကြည့်ရန် ၊ ချစ်သူမှန်နှင့်
ချိုသာစကား ၊ နားမခါး၏။
သို့ ပါသော်လည်း ၊ မပိုးဘဲနှင့်
ဆင်းရဲကာသာ ၊ ကင်တင်းလာလျှင်
မြင်သာမြင်ရ ၊ မကြင်ရဘဲ
တောကပြိတ္တာ ဖြစ်မည်တည်း.....။
ထလော့ လူပျို ၊ လူပျိုထလော့
အားမပျော့နှင့် ၊ မလျှော့လုံ့ လ
သူကအစ ၊ ငါကအားလုံး
ပိုးနည်းစုံလျှက် ၊ ဥာဏ်နီနက်ဖြင့်
စွမ်းဆောင်ကြလေ ၊ ဆောင်ကြလော့
သည်မြေ သည်ကျောင်း ၊ ဘယ်သူ့ ကျောင်းလဲ
သည်က္ကတ္တိယ ၊ ဘယ်သူ စမလဲ
ထားလော့တာဝန် ၊ ပွန်လော့လုပ်ငန်း
ရအောင်ဖမ်းကာ
လူပျိုဝဋ်မှ ကျွတ်စေသတည်း......။
* စောကလေးမြင့်
Blogger templates