Pages

Monday, December 21, 2009

“သူ...သိပါစေ”

ကောင်းကင်ပြာရေ...
နှလုံးသားနဲ့  ဦးနှောက်
စီးချင်းထိုးနေတာ ကြာခဲ့ပေမယ့်
မနေ့တစ်နေ့ကမှ
ငါ့ပါးစပ်က နင့်ကိုမေ့လိုက်ပြီဆိုတော့
နှလုံးသားက တဆစ်ဆစ်နာနေရပြီပေါ့...။
မမေ့ရက်နိုင်ခဲ့လို့ တစ်ထောင့်တစ်နေရာမှာ
သော့ခတ်သိမ်းထားပြီဆိုတော့
ကိုယ့်အဖြစ်နဲ့ ကိုယ်ခံရတာ
နည်းသေးတယ်လို့ ဟစ်ကြွေးချင်တယ်...
ဒါပေမယ့်....
နှုတ်ဖျားမှာ ဆို့ နစ်နေပြီး
မျော်လင့်ချက်တွေ ဆက်လက်ရှင်သန်ဖို့
ငါ့ဆန္ဒတွေ လေဟာနယ်ထဲမှာ
ပျောက်ဆုံးသွားပြီ....။
ဦးနှောက်ကို အနိုင်ပေးခဲ့တော့
နှလုံးသားကိုလည်း
တစ်သက်တစ်ကျွန်း အကျဉ်းသားအဖြစ်
အမိန့် ချခဲ့ပါပြိ...။
ဒါနောက်ဆုံးရလဒ်လို့ ဆိုရမလား။
ငါဆုံးဖြတ်ခဲ့တဲ့ အရာရာတိုင်း
နှလုံးသားရဲ့ အလိုဆန္ဒမပါဘူးဆိုတာ.................။

* ကိုကိုးဝိုင်

0 comments:

Post a Comment

Blogger templates